Wednesday, June 1, 2011

ပန်းဝင်္ကပါ

တပွင့်သောပန်း လှမ်းမည်ကြံတော့

ပန်းနီနီဟန် ဆူးကာရံသည်

ပင်ယံနှင်းဆီ

ရဲလွန်းသည်။

ရေစုန်ရေဆန် ကြံ့ကြံ့ခံလည်း

ပန်းပွင့်ဗေဒါ

ပြာလွန်းရာ၏။

ပိတောက်၊ ချယ်ရီ သစ္စာတည်လည်း

မြေပြန့်တောင်တန်း

ခွဲခြားလန်း၏။

မြင့်မြတ်နွယ်ဝင် ပန်းသဇင်လည်း

တော်ဝင်ပန်းမို့

မလှမ်းသာပြီ။

တင်တယ်လှဆန်း သစ်ခွပန်းလည်း

ပန်းရိုက်ဆေးဆိုး အမျိုးမျိုးနှင့်

ရိုးရိုးမနေ

ဆန်းလွန်းလေ၏။


လူမင်းအောင်








ရင်ဘတ်ထဲကသင်္ချိုင်း

စုန်းတစ္ဆေညချမ်းမှာ

ငါ့နှလုံးသားကိုကုတ်ခြစ်ဖို့ လက်သည်းရှည်ရှည်တွေပေးစမ်းပါ။

အချိန်မတော်လခြမ်းကအေးစက်တဲ့မင်းရင်ခွင်မှာခေါင်းခွေ့

 

ရင်ခုန်သံဖြူဖပ်ဖြူရော်တွေက

သွေးစို့နေတဲ့မင်းရဲ့ပါးပြင်ပေါ်မှာ နွမ်း..ခွေ

သံရိုက်ထားတဲ့မျက်လုံးတွေကို

ရှုံ့ထားတဲ့မျက်ခုံးတွေပေါ်မှာချိပ်ဆွဲပြီး

ငါ့ကိုအဆိပ်မခပ်ပါနဲ့တော့

ငါတော့

နာရီတွေကိုရိုက်ခွဲပြီး

ငါ့ကိုငါ

လွမ်းတယ်လို့ပဲ

အော်ဆဲပစ်လိုက်ချင်တယ်။



လူမင်းအောင်





ကြယ်ကြွေတိုင်းတောင်းတဲ့ဆု


  • အေးမြတဲ့အပြုံးလေး
  • လမင်းတောင်ငေးလောက်တယ်
  • သူ့မျက်နှာမှာ
  • ဖြူစင်မှုတွေပြည့်..လို့။
  • စကားလုံးတိုင်းကို
  • အပြုံးတွေနဲ့တန်ဆာဆင်တယ်
  • သူ့မျက်နှာမှာ
  • အပျော်တွေနဲ့ပြည့်..လို့။
  • ငါ့အိပ်မက်က
  • သူနဲ့မှသာယာတယ်
  • သူမျက်နှာမှာ
  • ရှက်သွေးလေးတွေဖြာ...လို့
  • ငါလေ
  • ညဘက် ကြယ်တွေကြွေတာမြင်ရင်
  • သူ့မျက်နှာလေးကို ပြေးပြေးမြင်တယ်
  • ဘယ်တော့များမှငါ့ရင်ခွင်ထဲကြွေကျလာမလဲ..လို့။


    လူမင်းအောင်

Tuesday, May 31, 2011

Magician

တကယ်တော့ပြကွက်လေးတစ်ခုပါပဲ
တုတ်၊ဓါး၊ခွက်၊ကြယ်တွေနဲ့
ငါ့အိပ်မက်ခပ်ပျယ်ပျယ်တွေကို မြပ၀ါနဲ့ထုပ်ပြီး
ငါ
ရွှေလုပ်ပြခဲ့တာပါ။
ကြွေစရာမြေမရှိတဲ့ခရေလိုပေါ့
လေလာရာကျောပေးပြီး
ငါမွှေးချင်းတိုင်းမွှေးပစ်လိုက်ဖို့ပါပဲ။
ခက်တာက
တချို့တွေရဲ့ စူးစမ်းတဲ့မျက်လုံးတွေရဲ့ကြားမှ
တချို့တွေရဲ့ ပါးစပ်အဟောင်းသားတွေရဲ့ကြားမှာ
အားလုံး ၀ါးခနဲပွဲကျသွားမဲ့စကားလုံးတွေလည်း
ရှာရသေးတယ်။
"ကြည့်မယ်!
ဒီတစ်ခါပြကွက်က
ကျွန်တော်လှည့်စားနေတာမဟုတ်ပါဘူး"
ငါ့အသည်းကိုထုတ်
မြပ၀ါနဲ့အုပ်ပြီး
မှော်တုတ်လေးကိုင်
ဂါထာတစ်ပုဒ် မန်းမှုတ်
ဟက်ချလောင်!
"_ _ _ _ _ "
magician.jpg


လူမင်းအောင်

Advanced System care 4

ဒီ software လေးက computer ကိုပေါ့ပါးမြန်ဆန်လာအောင်လုပ်ပေးနိုင်တဲ့ software လေးပါ
လိုအပ်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။ အထဲမှာ serial လေးပါထည့်ပေးထားပါတယ်။
သုံးနည်းကတော့ ခက်ခက်ခဲခဲမဟုတ်လို့ ထည့်ပြောမနေတော့ပါဘူး။
scan လေးပုံမှန်စစ်ပေးပြီး Turbo Boost လေးကို On ထားမယ်ဆိုရင် computer ကိုသိသိသာသာ ပေါ့ပါးမြန်ဆန်လာစေပါလိမ့်မယ်။ window 7 မှာလည်း အလုပ်လုပ်ပါတယ်။

လူမင်းအောင်

Sunday, May 29, 2011

သုည

သုညတစ်လုံးက
ခုန်ဆွခုန်ဆွလုပ်ကြည့်တော့ရော
ဘယ်အမြင့်ထိရောက်နိုင်မှာမလို့လဲ။